Wednesday, November 30, 2011

ကမ္ဘာကြီးပူနွေးခြင်း



အဆုံးမသိတဲ့ ကောင်းကင်အောက်
တိမ်လိုလွင့်
အိုဇုန်းရဲ့ အပေါက်အပြဲသတင်းတွေကြားထဲ
နေမင်းကြီးက ငါတို့ရဲ့ခေါင်းထက်
သူ့အရှိန်နဲ့သူ လောင်မြိုက်
ငါတို့ခန္ဓာမှာ ဟိုတစ်ချက်၊ ဒီတစ်ချက်
ပူလောင်မှုတွေ ကမ္ဘာပျက်
အမာရွတ်တွေ အခါခါထပ်
အို...ရေမရှိ၊ ဘာမရှိ...
အိတ်ထဲကို စမ်းကြည့်တော့
သကြားလုံးတချို့
နှစ်ဆယ်၊ သုံးဆယ်
ဒါပဲရှိတော့လို့...၊ ဒါပဲစား၊ ဒါပဲဝါး
ခြေဦးတည့်ရာ ပြေးလွှားရင်း
မိုင်တိုင်တွေ တစ်ဖြတ်ပြီးတစ်ဖြတ်ကျော်သွားတယ်
ခိုစရာ သစ်ရိပ်မတွေ့
ညနေ မစောင်းသေးဘူး...။

နွေဦးလေ

No comments:

Post a Comment