Wednesday, November 30, 2011

ဆောင်းအကူး မိုး




လေနှင်ရာကို ရွေ့စီးနေတဲ့တိမ်တွေ...
ဖြူလိုက်၊ ပြာလိုက်၊ ၀ါလိုက်၊ မှောင်လိုက်
ကောင်းကင်ထက်မှာ ရေးဆွဲလိုက်ကြ
အဲဒါ ငါ့ဘ၀လား
ဒါမှမဟုတ် အဲဒါ ငါ့အတ္တလား
မသေချာဆုံးသော မေးခွန်းကိုသာ
အခါခါ ပြန်ဖတ်
ရမက်လည်း မဟုတ်ဘူး...
ကိုယ်ကိုယ်တိုင်  ခ၀ါချထားတဲ့ သံစဉ်လည်းမဟုတ်ဘူး
ညနက်သန်းခေါင်မှာ ငိုကြွေးခဲ့တဲ့ မျက်ရည်တွေလည်းမဟုတ်ဘူး
တမြေ့မြေ့ကျွမ်းနေတဲ့ အသည်းလည်းမဟုတ်ဘူး
ဟူး.....
နောက်ဆုံးအနေနဲ့ ကျန်ခဲ့တဲ့
ခပ်နွမ်းနွမ်းအကာအရံတစ်ခုကို အချစ်လို့ယုံကြည်ပြီး
ငါ့ကာရန်တွေ ချမ်းလုလုပေါ့...
ဟုတ်တယ်လေ
ဒီနေ့ နည်းနည်းအေးတယ်
ဆောင်းခိုငှက်တွေကိုလည်း ငါတွေ့လိုက်ရတယ်...
ပင့်ကူအမျှင်တွေကြားက ငါ့ဂစ်တာလေးကတော့
သံစဉ်တွေအစား မျက်ရည်တွေ ငိုချလိုက်ရော....။


နွေဦးလေ

No comments:

Post a Comment