ညနေခင်းတစ်ခုကို ကိုက်ချီသွားတဲ့တိမ်တိုက်တွေ
အလိပ်လိုက်၊အလိပ်လိုက်
ခေါက်သိမ်းခြင်းခံရတယ်
ဆိုလက်စ သီချင်းကိုဆက်ညည်းမယ်
ကောင်းကင်ကြီးကပဲညနဲ့အံဝင်ခွင်ကျနေသလိုလို
အခုပဲ ပြိုဆင်းလာတော့မလိုလိုနဲ့
အော်....ဘ၀ဆိုတာ ဒီလိုလား
မထူးဇာတ်ကိုပဲ လျှောက်လမ်းတွေပေါ်
ဖြန့်ခင်းထား....
ခြေသံတွေဟာ ညကိုတဖြေးဖြေးလှိုက်စားသွားမှ
ကြယ်တွေစုံတဲ့ညက
တိတ်တဆိတ်နဲ့ မနက်ခင်းတစ်ခုအဖြစ်ဖူးပွင့်လာ
အဲဒါ ငါမျှော်လင့်နေတဲ့ ဂီတ
အဲဒါ ငါမျှော်လင့်နေတဲ့ ဗီဇ...။ ။
နွေဦးလေ
(Hello Journal)
အလိပ်လိုက်၊အလိပ်လိုက်
ခေါက်သိမ်းခြင်းခံရတယ်
ဆိုလက်စ သီချင်းကိုဆက်ညည်းမယ်
ကောင်းကင်ကြီးကပဲညနဲ့အံဝင်ခွင်ကျနေသလိုလို
အခုပဲ ပြိုဆင်းလာတော့မလိုလိုနဲ့
အော်....ဘ၀ဆိုတာ ဒီလိုလား
မထူးဇာတ်ကိုပဲ လျှောက်လမ်းတွေပေါ်
ဖြန့်ခင်းထား....
ခြေသံတွေဟာ ညကိုတဖြေးဖြေးလှိုက်စားသွားမှ
ကြယ်တွေစုံတဲ့ညက
တိတ်တဆိတ်နဲ့ မနက်ခင်းတစ်ခုအဖြစ်ဖူးပွင့်လာ
အဲဒါ ငါမျှော်လင့်နေတဲ့ ဂီတ
အဲဒါ ငါမျှော်လင့်နေတဲ့ ဗီဇ...။ ။
နွေဦးလေ
(Hello Journal)