Monday, November 26, 2012

ပွဲတော်





ပျော်စရာ မော်စရာတွေက

ပျော်နိုင်သူ မော်နိုင်သူတွေအတွက်

ကျွန်တော့်အတွက်တော့
ဆေး၁ခွက်မဟုတ်ခဲ့ဘူး
ဘယ်ကိုတိမ်းတော့ ယိမ်းကားနဲ့တိုး
ညာကိုစောင်းတော့လည်းယိမ်းကားနဲ့တိုး
ဒီနေ့အိမ်ကိုတောင်ရောက်ပါ့မလားလို့
နားကြားမှာ စကားတစ်ပွင့်ထိုးထားရတယ်
အော်ဟစ်အားပေးသံတွေ လက်ခုပ် သံတွေပြန့်ကျဲနေတဲ့
လမ်းမပေါ်မှာ လူ၁ယောက် ကမ္ဘာကြီးနဲ့အဆက်အသွယ်ပြတ်နေတယ်
ကိုယ့်အသက်ရှူသံတွေ ကိုကိုယ် ပြန်မြိုချနေတယ်
လုပ်ကြပါဦး      ဒီလူအုပ်ကြီးကိုရှင်းပေးကြပါ
တဖြတ်ဖြတ်လက်နေတဲ့ခပ်ရင့်ရင့်အရောင်တွေကို
ကန်လန့်ကာချခိုင်းပေးပါ
ဒီမှာ ကျွန်တော် ၁ယောက်တည်း ၁ကမ္ဘာတည်နေတယ် ။ ။



နွေဦးလေ

တန်ဆောင်တိုင် ပွဲ(မြတ်စွယ်တော်ပွဲ) နွှဲနေသော ပြည်လမ်းမများမှအပြန်

2 comments:

  1. ပြည်စွယ်တော်ပွဲလား..မိုးနတ်တို့ ဒီနှစ်တော့ မရောက်ဘူးလေ..
    ဟိုးတစ်နှစ်က ရောက်တယ်..အရမ်းစည်တယ်..လူတွေကြိတ်ကြိတ်တိုး
    နေတာပဲ....လူတွေမှ အများကြီးရယ်...ပျော်စရာလဲကောင်း
    စိတ်ညစ်စရာလဲကောင်းတယ်.....ဒီနှစ်အောက်လှည့်ဆိုတော့ ပိုစည်မှာပေါ့နော်....ဆရာ ပြည်ကို ပြန်သေးတယ်လား....

    ReplyDelete
    Replies
    1. စည်တယ်အမ တော်တော်စည်တယ်....ကျွန်တော်ပြည်မှာပဲနေနေတာပါအမ
      ဘယ်မှသွားဘူး

      Delete