Wednesday, November 30, 2011

အသစ်ဖြစ်နေသော




စူးရှတဲ့ဝေဒနာက  
ငါ့နှလုံးသားက တူးဆွ

ဆိုးရွားစွာ နွမ်းလျမှုမှာ

ငါဟာ တွယ်ရာမရှိ
ငါဟာ အကြင်နာမရှိ
ဘာမှမရှိတော့တဲ့ အခေါင်းပေါက်လူ
မင်းတို့နဲ့ မတူဘူးပေါ့..။
စိတ်ကူးတွေက လေနှင်ရာကိုမလွင့်ဘူး
အိပ်မက်တွေက စေညွန်ရာကိုမရောက်ဘူး
ဟုတ်တယ်လေ...
အချိန်၊ နာရီမသိ နေ့ရက်မရှိတဲ့
နေရာတစ်ခုကို ငါ့ခြေတစ်ဖက်ကိုနင်းချ
ငါ့ဈာပန ငါကျင်းပဖူးပြီပဲ
ကွဲကြေနေတဲ့ ကာရံတွေအောက်မှာ
ငါ့ကဗျာတွေ အဆုံးမသတ်သေးသ၍
ဟောင်းအိုနေတဲ့ စကားလုံးတွေအောက်မှာ
ငါ့သံစဉ်တွေ မသေဆုံးသေးသ၍
ဒီခပ်နွမ်းနွမ်းကဗျာတစ်ပုဒ်ကို
မြတ်နိုးမှုဆိုတဲ့ အတ္တတစ်မျိုးအတွက်
ငါရေးဖွဲ့နေမိလိမ့်မယ်ထင်ပါရဲ့
ဒီနေ့....နောက်နေ့....နောက်တစ်နေ့မှာ....ငါ....။


နွေဦးလေ

No comments:

Post a Comment