Monday, February 13, 2012

တငွေ့ငွေ့ဆောင်း




ပျံသန်းလာလေပြီ...
အေးမြမှုတွေကို ချီပွေ့လို့
တိတ်ဆိတ်မှုအတောင်ပံတွေကို
ခပ်အုပ်အုပ် ရိုက်ခတ်လို့ရယ်ပေါ့။

ရှိုက်သံသဲ့သဲ့ရဲ့အလွန်မှာ 
နူးညံ့စွာ ခါးသီးမှုအတွက်
တနင့်တပိုး ခံစားချက်တွေနဲ့
မျက်ရည်တွေ....
သီချင်းလေးတစ်ပုဒ်အဖြစ် ကြွေဆင်း
ညတွေကပဲ မှောင်မိုက်လွန်းနေလား
ဘ၀တွေကပဲ လောင်မြိုက်လွန်းလေသလား
မရေရာဘူး... မသေချာဘူး
ဒီလိုနဲ့ပဲ နေ၀င်ချိန်ဟာ 
စောသထက်စောခဲ့ပြီ။


နွေဦးလေ

3 comments:

  1. တကယ်တော့ကိုယ့်ကိုယ်ကိုယ်ကပူလောင်စေခဲ့တာပါ ...

    ReplyDelete
  2. ဆရာရေ.ဒီကဗျာက ပိုပြီး ရင့်ကျက်လာသလိုပဲ

    ReplyDelete
  3. This comment has been removed by the author.

    ReplyDelete