Friday, April 5, 2013

စကားဝါ လွမ်းချင်း


တမေ့တမော....ရစ်သီနေသောအလွမ်း...
ဒီစခန်းမှာ....
တစ်ခါတစ်ရံ  ပန်းပွင့်ပုံပြင်
တစ်ခါတစ်ရံ  ငရဲခန်း
တိတ်ဆိတ်ခြင်းသာ ကြားနေရ
အမှောင်ကိုသာ ချဉ်းကပ်နေရ
ဒါဟာ ဘ၀တဲ့လား
အတ္တတွေကို ကျော်၊
ဒုက္ခတွေကို ကျော်... လို့ရယ်နဲ့
ဖြေမဆည်အောင် ငိုကြွေးခဲ့ရတယ်
 နင်ရယ်.....ငါရယ်.....စကားဝါရယ်...။


နွေဦးလေ
Icon Magazine 2013

No comments:

Post a Comment