မေတ္တာမာန နဲ့ ခံယူချက်တစ်ခုအတွက် လူတွေထဲက လူတစ်ယောက်
မြောင်းပေးတာတောင် ရေမစီးခဲ့ဘူး
မြောင်းမပေးတော့မှ အချိန်တန် မိုး ကရှိုက်ကြီးတငင်သဲချ
ကိုယ့်မာန ကိုယ် နောက်ကောက်ချလို့ရချိန်
ဆောင်းခိုငှက်တွေက သူ့အိမ်မက်နဲ့သူအိပ်တန်းတက်လို့
နောက်ဆုံးတော့..နွေးထွေးတဲ့
သူငယ်ချင်းဆိုတဲ့ လက်တစ်စုံကိုပဲ
မ၀ံ့မရဲ ဖမ်းယူမိလိုက်တော့
အရင်က အမှတ်တရလေးတွေက
သူငယ်ချင်းဘက် ကိုယ့်ဘက် စိတ်နံရံနှစ်ဖက်ကြားမှာ မွှေးပျံ့ လို့ရယ်....
အော်ခေါ်လိုက်ရ ဦးမလား....
မဖြစ်နိုင် လူတွေထဲက လူတစ်ယောက်ဖြစ်တဲ့သူငယ်ချင်းက
ဆောင်းအိမ်မက်တွေနဲ့အတူ အနာဂတ်တွေက အိပ်တန်းတက် နေနှင့်ပြီးသား..
ကဗျာတွေ ..သီချင်းတွေ.....ကိုကြိုးနဲ့ သီထားရင်းက
အမှောင်မှာတိုးတိတ်စွာ ရင်ဘတ်ရဲ့အပြင်ဘတ်ကို ယိုဖိတ်ကျ.....
အကြည့်တွေ...ကတိတွေ....အမှတ်တရတွေ...
သံယောဇဉ်တွေသာအမျှင်အတန်းဆိုရင်
အာရုံမှာ သိပ်အံမ၀င် ပဲ ငြိနေမိတဲ့....
သူငယ်ချင်းဆိုတဲ့စကားစုက ကျွန်တော့်အတွက် တမြေ့မြေ့နစ်မဲ့နွံ ။ ။
နွေဦးလေ

ReplyDeleteအမှောင်မှာတိုးတိတ်စွာ ရင်ဘတ်ရဲ့အပြင်ဘတ်ကို ယိုဖိတ်ကျ.....
အကြည့်တွေ...ကတိတွေ....အမှတ်တရတွေ...
သံယောဇဉ်တွေသာအမျှင်အတန်းဆိုရင်...
တစ်ပုဒ်လုံးကိုကြိုက်တာ...
ဒီနေရာလေးကို အကြိုက်ဆုံးပဲ
အားပေးနေတယ်နော်..နွေဦးရေ..
ဆက်လက်ထုဆစ်နိုင်ပါစေ
ခင်မင်နေတဲ့...မိုးနတ်ကြယ်စင်