Sunday, September 2, 2012

ငါတို့...DOJOမှာပြန်ဆုံကြစို့ သူငယ်ချင်းတို့ရေ


ဒီနေ့MRTV-4 ကဂျပန်ကိုယ်ခံပညာတစ်မျိုးဖြစ်တဲ့AIKIDOရဲ့သိုင်းကွက်နည်းစနစ်တွေကိုတင်ဆက်ပြသသွားတာကိုကြည့်ရင်းကျွန်တော်မျက်ရည်တောင်
ကျမိပါတယ်။AIKIDOဆိုတာကျွန်တော်တို့သူငယ်ချင်းတစ်စုရဲ့အားကစားအပေါ်ရူးသွပ်မှုရဲ့မူလရေသောက်မြစ်ဖြစ်ခဲ့တာကိုး။ဒီအားကစား
ကိုကိုယ်တိုင် (၃)နှစ်ကာလပတ်လုံးနေ့တိုင်းနီးပါး လေ့ကျင့်ကစားဖြစ်ခဲ့တာပါ။ဒီအစီအစဉ်လေးကိုကြည့်ရင်း ငယ်ငယ်ကရင်းနှီးခဲ့ရတဲ့
သူငယ်ချင်းတွေနဲ့အတူ စည်းစည်းလုံးလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ PYAY AIKIDO DOJO မှာကစားခဲ့တာတွေ ၊ မကောင်းတဲ့စိတ်တွေကို
အားကစားစိတ်ဓာတ်က သူ့အလိုလိုပြုပြင်သွားတာတွေကို ပြန်တွေးရင်းငယ်ဘ၀ ကိုပြန်လွမ်းမိတယ်။အခုလက်ရှိဆို DOJOမှာအရင်လူတွေဘယ်ရှိတော့မလဲ။လူသစ်တွေနဲ့ပေါ့၊ ဆရာတောင်အသစ်ပြောင်းသွားတယ် လို့ကြားရတယ်..။အော်....အရင်တုန်းကဆို သူငယ်ချင်းတစ်စု စက်ဘီးကလေးတွေ ကိုယ်စီနဲ့ ဂီ(သိုင်းဝတ်စုံ) အထုတ်လေးတွေကိုယ်စီပိုက်
လို့ဒီအာကစားကို စိတ်ပါလက်ပါနဲ့ကိုကစားဖြစ်ခဲ့ကြတာ...အားကစားရဲ့နူးညံ့တဲ့အလှည့်အပြောင်းတွေမှာ ကိုယ့်ကိုယ်ကိုယ်တောင်မသိ
လိုက်ရဘဲ အနစ်အနာခံတတ်လာတယ် ၊ ကိုယ့်ကိုယ်ယုံကြည်မှုရှိလာတယ် ၊ ကြောက်စိတ်နည်းလာတယ် ၊ အားနည်းသူကိုသနားတတ်လာတယ် ၊ သူငယ်ချင်းတွေအချင်းချင်းစည်းလုံးမှုရှိလာတယ် ၊ အို စုံ လို့ရယ်ပါ ။အတန်းတစ်ခုတက်ဖို့ စာမေးပွဲ
ဖြေရတဲ့အခါမျိုးဆိုရင် (၂)ယောက် (၁)တွဲ တက်ကနစ်တွေကို မနားတမ်းတောက် လျှောက် ကစားပြရတာလဲ အမော ၊စာမေးပွဲလဲပြီးရော
လူလည်းမှောက်၊DOJOကရေသန့်ဘူးတွေလဲအကုန်ကုန်ရောလေ။ခါးပတ် အဆင့်လေးတစ်ခုပြီးတစ်ခုတက်သွားရတာ ကို အရသာခံရင်း
ကိုယ့်အတန်းက တက်ကနစ်တွေကိုကျွမ်းကျင်အောင်လေ့ ကျင့်ရင်းက တစ်ခါတစ်လေ မိတ်ဆုံစားပွဲလေးတွေ ၊ New Year ပွဲ၊ဆရာကန်
တော့ပွဲတွေ ကိုယ်တိုင်ဝင်နွှဲရင်းက  AIKIDOသိုင်းသမား(အားကစားသမား)ဘ၀မှာ (၃)နှစ်ကာလ ကုန်မှန်းမသိကုန်ခဲရတယ်။(၁၀)တန်း
နှစ်လည်းရောက်ရော ကျွန်တော်တို့သူငယ်ချင်းတစ်အုပ်စုလုံး(AIKIDO ညနေ ပထမတန်း )တစ်တန်းလုံးနီးပါး DOJOကနေ နားခဲ့ကြတယ် (၁၀)တန်းပြီးပြန်ကစား မယ်လို့ရည်ရွယ်ထားပေမဲ့ အတွေ့အကြုံရအောင်ဆိုပြီး ဦးလေးရဲ့ဆေးဆိုင်မှာအလုပ်ဝင်လုပ်ဖြစ်တာကတစ်ကြောင်း ၊ ညီတစ်ဝမ်းကွဲ ကိုစာသင်ဖြစ်တာကတစ်ကြောင်းနဲ့ ပြန်မကစားဖြစ်ခဲ့ဘူး
။ကျွန်တော်တို့အုပ်စုထဲက ပြန်ကစားတဲ့သူ မရှိဘူးလို့တောင်ဆရာလေး(ဆရာ ဦးသိန်းတန်)ကပြောတယ်၊ကျွန်တော့ကိုလည်းပြန်ကစားပါလားတဲ့ ဒီအခြေအနေထိရောက်ပြီးခါမှ  နှမြောစရာကြီးတဲ့လေ။
လာမဲ့ကျောင်းပိတ်ရက်တွေမှာတော့ ပြန်ကစားမယ်လို့ဆုံးဖြတ်ထားပါတယ် ။ အရင်ကတူတူကစားခဲ့တဲ့ ပါတနာ တွေကိုလဲတူတူလာကစားပါလို့ဖိတ်ခေါ်ပါတယ်။အရင်ကလို ပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ AIKIDOပြန်ကစားရင်း သူငယ်ချင်းတွေနဲ့ပြန်ဆုံချင်ပါသေးတယ်နော်.....။ငါတို့မတွေ့တာလဲကြာပြီ ။တစ်နယ်တစ်ကျေးမှာ ကောလိပ်သွားတက်နေတဲ့ သူငယ်ချင်းတွေကိုလည်း နွေရာသီလေးတော့ လာကစားကြပါဦးလို့တောင်းဆိုချင်ပါတယ် .....။ငါမင်းတို့ကို DOJOရှေ့မှာဂီထုတ်ပိုက်ပြီးစောင့်နေမယ်....................။
                                                                                                        ခန့်ထွန်းကျော်
                                                                                                         (Nwaioolay)
                                                                                                                MRTV-4ကလာတဲ့AIKIDOအစီအစဉ်ကိုကြည့်ပြီးသတိရလွန်းလို့ချက်ချင်းတင်လိုက်တာပါ




1 comment:

  1. မောင်လေးရဲ့ အားကစားအပေါ်မှာရော၊သယ်ရင်းတွေအပေါ်မှာရော၊သတိရတဲ့
ိစိတ်လေးနဲ့ရေးထားတဲ့ ပို့စ်လေးကို မမအားပေးသွားတယ်နော် ကလေး...
    မောင်လေးသယ်ရင်းတွေ ဒီပို့စ်လေးကို ဖတ်မိသည်ဖြစ်စေ မဖတ်မိသည်ဖြစ်စေ
    မမကတော့...အားလုံး AIKIDO ပြန်ကစားဖြစ်ပါစေလို့ဆုတောင်းပေးနေပါ
    တယ်..ဟုတ်တယ်ကလေးရေ....အားကစားစိတ်ဓါတ်က တကယ်သန့်ရှင်းပြီး
    မြင့်မားတယ်..အဲဒါကြောင့်တင်မဟုတ်ဘူး....အသင်းအဖွဲ့နဲ့ ဆောင်ရွက်တဲ့အခါ တကိုယ်ကောင်းစိတ်တွေ..ကလေးဆန်တဲ့စိတ်တွေပါပျောက်ကုန်တယ်
    အဲဒါ အဓိက သော့ချက်ပဲ....ပြီးတော့ ...လူတစ်ဘက်သားအပေါ်ကိုယ်ချင်းစာစိတ်..ညာတာစိတ်တွေပါ..အလိုလိုဖြစ်လာတယ်..အဲဒါကောင်းတဲ့အရာတွေပဲမဟုတ်လား...
    အားပေးနေတယ်နော်..မောင်လေး
    ခင်တဲ့ မမမိုးနတ်..

    ReplyDelete