Tuesday, July 31, 2012

ကောက်ရိုးပုံထဲက အပ်တစ်ချောင်း

စား စား စား
ဒါပေမဲ့
နည်းနည်း လျှော့
နည်းနည်းတော့ ချန်အုံး
ဖြေးဖြေး ဖြေးဖြေး
အေးအေး ဆေးဆေး
အာ...
ခက်တော့ခက်နေပြီ
ဒါကဒီလိုလေ
ဘာ......
မင်းဂုတ်ကိုလိမ်ချိုးသွားတယ်...
ဟုတ်လား...
အော်...အဲဒါဆိုလဲ ကိုယ့်လျှာကိုယ်...
ခေါက်သိမ်းထား
ဘာ......
အတ္တကို ရွှေလင်ပန်းနဲ့ဆီဆမ်းခဲ့....
ဟုတ်လား...
အော်...အဲဒါတွေက
အရေခွံပေါ်က ညှင်းသိုးသိုးစကားလုံးတွေပါဗျာ
(နောက်တစ်ခါထပ်မပြောမိစေနဲ့)
အဲဒါကိုအဲဒါနဲ့ယှဉ်လို့မရ
အဲဒါကအဲဒါဖြစ်သလို
အဲဒါကအဲဒါ....ဒေါက် ဒေါက် ဒေါက်
ဟော ပြောရင်းဆိုရင်း
သူလာနေတာလား ဘာလားပဲ...မထူးဘူး
ဖွင့်ချလိုက်...
စကားလုံးတွေကလည်း ယိုင်ထိုးထိုး
သူလာနေပြီ
အာ...အဲဒါကြီးကလဲရောက် မရောက်နိုင်ဘူး
ကဲ....ကဲ
ကိုယ့်တောင် ကိုယ်တက်
ကိုယ့်ဘောင်ကိုယ်ခတ်ထားနှင့်အုံး
ကိုယ့်ဝိညာဉ် ကိုယ် ဆွဲထူနေရတာချင်းအတူတူ
စားစားစား
ဒါပေမဲ့
နည်းနည်း လျှော့
နည်းနည်းတော့ ချန်အုံး ။   ။

                                                နွေဦးလေ

2 comments:

  1. တစ်ခေါက်၊ နှစ်ခေါက်၊ သုံးခေါက်ဖတ်ပြီးနောက်မှာ သဘောကျစွာ ပြုံးမိတယ်။

    ReplyDelete