ပျံသန်းလာလေပြီ...
အေးမြမှုတွေကို ချီပွေ့လို့
တိတ်ဆိတ်မှုအတောင်ပံတွေကို
ခပ်အုပ်အုပ် ရိုက်ခတ်လို့ရယ်ပေါ့။
ရှိုက်သံသဲ့သဲ့ရဲ့အလွန်မှာ
နူးညံ့စွာ ခါးသီးမှုအတွက်
တနင့်တပိုး ခံစားချက်တွေနဲ့
မျက်ရည်တွေ....
သီချင်းလေးတစ်ပုဒ်အဖြစ် ကြွေဆင်း
ညတွေကပဲ မှောင်မိုက်လွန်းနေလား
ဘ၀တွေကပဲ လောင်မြိုက်လွန်းလေသလား
မရေရာဘူး... မသေချာဘူး
ဒီလိုနဲ့ပဲ နေ၀င်ချိန်ဟာ
စောသထက်စောခဲ့ပြီ။
နွေဦးလေ
တကယ်တော့ကိုယ့်ကိုယ်ကိုယ်ကပူလောင်စေခဲ့တာပါ ...
ReplyDeleteဆရာရေ.ဒီကဗျာက ပိုပြီး ရင့်ကျက်လာသလိုပဲ
ReplyDeleteThis comment has been removed by the author.
ReplyDelete